Skip to main content

Posts

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

Have နှင့် Have got သုံးပုံ သုံးနည်း

Have something နှင့် have got something တို့ကို ပိုင်ဆိုင်မှု ဆက်နွယ်မှုတို့နှင့် ကျန်းမာရေးအခြေအနေအချို့ကိုပြောတဲ့နေရာတွေမှာသုံးတယ်။ အဓိပ္ပါယ်တူပါတယ်။ သူတို့မှာကားရှိတယ်ဆိုတာကို They have a new car. လို့ပဲပြောပြော They've got a new car. လို့ပဲပြောပြော အတူတူပါပဲ။ ဒါက ပိုင်ဆိုင်မှုကိုပြောတာ။ Lisa has two brothers. Lisa's got two brothers. လီဆာမှာ အစ်ကို/မောင်နှစ်ယောက်ရှိတယ်။ ဒါကဆက်နွယ်မှုကိုပြောတာ။ I have a headache. I've got a headache. ငါခေါင်းကိုက်နေတယ်။ ဒါက ကျန်းမာရေးအခြေအနေကိုပြောတာ။ Our house has a small garden. Our house has got a small garden. ကျနော်တို့အိမ်မှာ ပန်းခြံလေးတစ်ခုရှိတယ်။ We have a small garden at our house လို့ပြောတဲ့သဘောပါ။ He has a few problems. He's got a few problems. သူ့မှာပြဿနာ နဲနဲရှိနေတယ်။ အထက်ကပြောခဲ့တဲ့ ပိုင်ဆိုင်မှု ဆက်နွယ်မှု ကျန်းမာရေးကိစ္စတွေမှာ present continuous form ကိုမသုံးရပါဘူး။ I'm having a headache ဆိုတာမျိုးမပြောဘူး။ We're enjoying our holiday. We have / We've got a nice room in the hotel

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၁)

အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်ရာ တို့တို့တိတိလေးတွေ ထဲကနေ ဒီတစ်ကြိမ်မှာတော့ Adverb လေးတွေရဲ့ အကြောင်းကို တင်ဆက်လိုက်ပါတယ် ၊ ရေးမယ်လို့ စိတ်ကူးပြီး ပြန်ကြည့်လိုက်တော့မှ ထင်ထားတာထက် ပိုရှုပ်နေတာကို တွေ့လိုက်ရပါတယ် ၊ ရှုပ်နေတဲ့ ပြဿနာကို အစလေးတွေ ဆွဲထုတ်ပြီး ဖြည်းဖြည်းချင်း ပြန်ရှင်းထုတ်လိုက်တော့မှ မှတ်သားစရာ ယေဘူယျ အချက်လေးတွေ ထွက်လာပါတော့တယ် ၊ အဲသလိုမျိုး ကျနော်ရှုပ်သွားတဲ့အတိုင်း ၊ ပြီးတဲ့နောက် ကျနော်ရှင်းသွားတဲ့အတိုင်း ချရေးလိုက်ပါတော့တယ် ၊ အရှုပ်တွေကို ကျော်ပြီး အရှင်းပိုင်းကို ဖတ်လိုကဖတ်ပါ ကျနော်က အရစ်ရှည်တတ်လို့ပါ ၊ ဘယ်လိုရှုပ်တာလဲ သိချင်ရင်တော့ အစအဆုံးဖတ်ပါ .. အရှုပ်တွေကတော့ . ~~ Adverb ဆိုတာ ကြိယာဝိသေသန လို့ မြန်မာမှုပြုထားတာနဲ့အညီ ကြိယာ(verb) ကို အထူးပြုတာပေါ့လို့ သိထားပေမယ့် Adjective ကိုရော Adverb ကိုရော အထူပြုနိုင်ပါတယ် ၊ ၀ါကျ တစ်ခုလုံးကို အထူးပြုတာတွေလည်း ရှိပါတယ် ၊ ပိုပြီးတော့ ထူးခြားတာက Gerund noun (verbal noun) တွေနဲ့ Pronoun တွေကိုပါ အထူးပြုနိုင်ပါသေးတယ် ၊ Noun ကိုတော့ adverb တစ်လုံးချင်းက အထူးမပြုနိုင်သော်လည်း adverbial ( adverb ကဲ့သိ

By သုံးပုံ သုံးနည်း

By day= နေ့ဘက်မှာ I prefer travelling by day. နေ့ဘက်မှာ ခရီးသွားရတာ နှစ်သက်တယ်။ By night = ညဘက်မှာ I am busy by day. but I am free by night. နေ့ဘက်မှာ ငါအလုပ်များတယ် ဒါပေမဲ့ ညဘက်တော့ အားပါတယ်။ By now = ခုလောက်ဆိုရင် Bu now, she will be back home. ခုလောက်ဆိုရင် သူမ အိမ်ပြန်ရောက်လိမ့်မယ်။ By suprise = အငိုက်ဖမ်း၍ They attacked enemy's camp by suprise. ရန်သူရဲ့စခန်းကို အငိုက်ဖမ်းပြီး သူတို့တိုက်ကြတယ်။ by mistake = မှား၍/ ပြီး She greets me by mistake. သူမက ကျွန်တော့ကို မှားပြီး နှုတ်ဆက်တယ်။ By myself= ကိုယ်တိုင် I can do it by myself. အဲဒါကို ငါကိုယ်တိုင်လုပ်နိုင်ပါတယိ။ By chance = အမှတ်မထင် On my way back from down town, I met her by chance. မြို့ထဲက ပြန်လာတော့ အမှတ်မထင် သူမကို တွေ့ခဲ့တယ်။ By proxy = ကိုယ်စားလှယ်ဖြင့် We can vote by proxy. တို့တွေ ကိုယ်စားလှယ်နဲ့ မဲပေးနိုင်ပြီ။

will အသုံးများ

1 forms ပုံစံ Will ဟာ modal auxiliary verb တစ်ခုဖြစ်ပါတယ်။ third person singular အတွက် s မသုံးဘူး။ questions နှင့် negatives ကို do မပါပဲသုံးတယ်။ will နောက်မှာ to မပါတဲ့ infinitive ကိုသုံးတယ်။ Will the train be on time? ရထားက အချိန်မှန်ရောက်မှာလား။ Contractions လုပ်ရင် ’ll, won’t ပုံစံဖြစ်တယ်။ Do you think it’ll rain? မိုးရွာမယ်ထင်လား။ It won’t rain. မိုးမရွာပါဘူး။ 2 future auxiliary အနာဂါတ်အတွက် ပြောတဲ့အခါမှာ auxiliary verb အဖြစ်သုံးတယ်။ I will be happy when this is finished. အဲဒီဟာပြီးသွားရင် ငါတော့ သဘောကျမှာပဲ။ (ငါတော့ ပြီးစေချင်လှပြီဆိုတဲ့သဘောပါ။) This time tomorrow I’ll be sitting in the sun. မနက်ဖန်ဒီအချိန်ဆို နေပူစာလေးနဲ့ ငြိမ့်နေပြီ။ He will have finished the whole job by this evening. ဒီညနေ နောက်ဆုံးထားပြီး အလုပ်တွေအကုန်လုံး သူပြီးနေလောက်ပြီ။ 3 certainty သေချာတယ်ထင်ရင် သုံးတယ်။ ဒီနေရာမှာ future ကိုသာမက present ဖြစ်နေတဲ့အနေအထားတွေလည်းပါတယ်။ As I’m sure you will understand, we cannot wait any longer for our order. ခင်ဗျ

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၂၇)

နာမည်တွေပါတဲ့ Idiom တွေ ရေးဖို့ တွေးထားမိလို့ စုစည်းတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ် ၊ နမူနာဝါကျတွေများများ ရှာမရတာကြောင့် ပေးရတာ အားမရပါ ၊ နောက်ရေးမယ့် သင်ခန်းစာတွေမှာ ပိုကောင်းအောင် ကြိုးစားပါ့မယ် ………………… (27.1) Benjamin of the family: အငယ်ဆုံး သားသမီး  The youngest child .. Sarah is the BENJAMIN OF THE FAMILY. ဆာရာက အထွေးဆုံး သမီးလေးပါ (အထွေးဆုံး = အငယ်ဆုံး) …………………………………………………………… (27.2) Johnny-come-lately: နောက်မှပေါက်တဲ့ ရွှေကြာပင် ၊ လူသစ်  A newcomer, a person who has recently joined a group. .. အများကိန်း ပြောင်းလျှင် ပုံစံမူကွဲ နှစ်မျိုး ရှိပါတယ်  (plural : Johnny-come-latelies (or) Johnnies-come-lately ) .. Apple Computer Inc. is a JOHNNY-COME-LATELY, since the British record company Apple had trademarked their logo previously. ဗြိတိသျှ အသံသွင်းကုမ္ပဏီ ပန်းသီး က သူတို့ရဲ့ အမှတ်အသားတံဆိပ်ကို အရင်အဦး မှတ်ပုံတင်ခဲ့ပြီးဖြစ်လို့ ပန်းသီးကွန်ပြူတာကုမ္ပဏီဟာ နောက်မှပေါ်တဲ့ ရွှေကြာပင်သာ ဖြစ်ပါတယ် ………………………………. (27.3) Jack of all trades, master of none: ကိုဖိုးသိ ကိုဖိုးတတ်

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၂)

(1) Adverbs of Manner (နည်းဟန်ပြ ကြိယာဝိသေသနများ) .............. Slowly, carefully, gently, awfully, .. စသည်ဖြင့် ဘယ်လိုဘယ်ပုံ နည်းဟန်တွေကို ပြတဲ့ adv တွေ ဖြစ်ပါတယ် ၊ အများအားဖြင့် Adj ကို ly ပေါင်းထားတဲ့ Adv တွေကို တွေ့ရတာများပါတယ် ၊ ၀ါကျထဲမှာ Verb ကိုအထူးပြုပါတယ် (-ly ပေါင်းထားပေမယ့်လည်း Adj တွေဖြစ်နေတဲ့ lovely, friendly တို့လို စကားလုံးတွေလည်း ရှိတဲ့အတွက် ly ပေါင်းတာကိုပဲ ပုံသေမှတ်လို့တော့ မရပါဘူး) ၀ါကျထဲမှာသုံးတဲ့နေရာတွေကို ကြည့်မယ်ဆိုရင် ………………………… (1.1) Object ရဲ့ နောက်မှာထားပါတယ် He drove the car CAREFULLY. သူက ကားကို သတိကြီးစွာဖြင့် မောင်းခဲ့တယ် (~~ သတိထားးရမှာက verb နဲ့ object ကြားမှာ ထားလို့မရပါဘူး ၊ ဥပမာ ..He drove CAREFULLY the car. လို့မရေးရပါဘူး ။) ............................... (1.2) Object မပါတဲ့ အခါမှာတော့ Main Verb ရဲ့ နောက်မှာ ထားနိုင်ပါတယ် He swims WELL. သူကောင်းစွာ ရေကူးတယ် ဒီနှစ်ခုကို ပေါင်းပြီး မှတ်သားမယ်ဆိုရင် ၀ါကျနောက်ဆုံးမှာ ထားတယ်လို့ မှတ်လို့ရပါတယ် ။ ………………………….. (1.3) နည်းဟန်ကို အလေးပေးဖေါ်ပြချင်တဲ့အခါ verb + object ရဲ့ရှေ့မှ

အင်္ဂလိပ်သဒ္ဒါ - Noun Clause အကြောင်းအပြည့်စုံ

Noun Clause - အကြောင်း ================== အချို့ Video သင်ခန်းစာများက level မြင့်ပြီး အချို့က မမြင့်ပါဘူး ။ စာဖတ်လိုက် Video ကြည့်လိုက် ဆို Noun Clause ကိုေ တ်ာတော် တန်တန် သဘောပေါက်သွားဖို့ အာမခံပါတယ်။ မပေါက်ရင်လား.... ဟုတ်ကဲ့ ထပ်ဖတ်ပါလို့  :) အင်္ဂလိပ်စာရဲ့ အလွန်အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုမှာပါသော Noun Clause အကြောင်းကို ရေးပါမယ် ။ Noun Clause အကြောင်း မရေးခင် Clause ကဘာလဲ ဆိုတာကို အခြေခံသမားများ အတွက် အနည်းငယ်ပြောပြ သင့်တယ်လို့ ယူဆမိ ပါတယ်။ Brighter Grammar Book Three မှာတော့ ဒီလို ဆိုထား ပါတယ်။ ( A clause is a sentence that does not make complete sense by itself.It depends on another sentence for its full meaning.) ( A group of words that contains a subject and a verb, but which is usually only part of a sentence.) Clause ဆိုတာ ၀ါကျရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တယ်၊ သူမှာ ..Subject ပါတယ်၊ Verb ပါတယ် ဒါပေမဲ့ အဓိပ္ပာယ်တော့ မပြည့်စုံဘူးလို့ ကျွန်တော်တို့ ဆရာကြီးဦးမြကြိုင် သင်ပေးတာလေးကို အလွယ်မှတ်လိုက်ရင် အဆင်ပြေပါ တယ်။ Clause ဆိုတာသိပြီးရင် Noun Clause ဆိုတာဘ