Skip to main content

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၁)















အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်ရာ တို့တို့တိတိလေးတွေ ထဲကနေ ဒီတစ်ကြိမ်မှာတော့ Adverb လေးတွေရဲ့ အကြောင်းကို တင်ဆက်လိုက်ပါတယ် ၊ ရေးမယ်လို့ စိတ်ကူးပြီး ပြန်ကြည့်လိုက်တော့မှ ထင်ထားတာထက် ပိုရှုပ်နေတာကို တွေ့လိုက်ရပါတယ် ၊ ရှုပ်နေတဲ့ ပြဿနာကို အစလေးတွေ ဆွဲထုတ်ပြီး ဖြည်းဖြည်းချင်း ပြန်ရှင်းထုတ်လိုက်တော့မှ မှတ်သားစရာ ယေဘူယျ အချက်လေးတွေ ထွက်လာပါတော့တယ် ၊ အဲသလိုမျိုး ကျနော်ရှုပ်သွားတဲ့အတိုင်း ၊ ပြီးတဲ့နောက် ကျနော်ရှင်းသွားတဲ့အတိုင်း ချရေးလိုက်ပါတော့တယ် ၊ အရှုပ်တွေကို ကျော်ပြီး အရှင်းပိုင်းကို ဖတ်လိုကဖတ်ပါ ကျနော်က အရစ်ရှည်တတ်လို့ပါ ၊ ဘယ်လိုရှုပ်တာလဲ သိချင်ရင်တော့ အစအဆုံးဖတ်ပါ ..
အရှုပ်တွေကတော့
.
~~ Adverb ဆိုတာ ကြိယာဝိသေသန လို့ မြန်မာမှုပြုထားတာနဲ့အညီ ကြိယာ(verb) ကို အထူးပြုတာပေါ့လို့ သိထားပေမယ့် Adjective ကိုရော Adverb ကိုရော အထူပြုနိုင်ပါတယ် ၊ ၀ါကျ တစ်ခုလုံးကို အထူးပြုတာတွေလည်း ရှိပါတယ် ၊ ပိုပြီးတော့ ထူးခြားတာက Gerund noun (verbal noun) တွေနဲ့ Pronoun တွေကိုပါ အထူးပြုနိုင်ပါသေးတယ် ၊ Noun ကိုတော့ adverb တစ်လုံးချင်းက အထူးမပြုနိုင်သော်လည်း adverbial ( adverb ကဲ့သို့သော အခြားစာလုံး) လေးများက အထူးပြုပြန်ပါတယ် ၊ ကဲ ..အထူးပြုတာ တစ်ခုချင်းစီကို ကြည့်လိုက်ကြရအောင်ပါ ။
.
ဥပမာအားဖြင့် ..
.
(1) Verb ကိုအထူးပြုပါတယ်
The bus moved slowly. ( Adverb ဖြစ်တဲ့ slowly ဟာ Verb ဖြစ်တဲ့ move ကို အထူးပြုပါတယ် )
ဘတ်စ်ကားဟာ နှေးကွေးစွာ ရွေ့တယ်
.
(2) Adjective ကိုအထူးပြုပါတယ်
You look absolutely fabulous! (Adverb ဖြစ်တဲ့ absolutely ဟာ Adjective ဖြစ်တဲ့ fabulous ကို အထူးပြုပါတယ် )
မင်းကိုကြည့်ရတာ လုံးဝလန်းတယ်
.
(3) Adverb ကိုအထူးပြုပါတယ်
She spoke very softly. ( Adverb ဖြစ်တဲ့ very ဟာ Adverb ပဲဖြစ်တဲ့ softly ကိုထပ်ပြီး အထူးပြုပါတယ် )
သူမ အလွန် နူးညံ့စွာ စကားပြောတယ်
.
(4) Gerund noun ကို အထူးပြုပါတယ်
Eating quickly will give you indigestion. (Adverb ဖြစ်တဲ့ quickly ဟာ Gerund noun ဖြစ်တဲ့ Eating ကို အထူးပြုပါတယ် )
လျင်မြန်စွာစားခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေလိမ့်မယ်
.
(5) Pronoun ကိုအထူးပြုပါတယ်
Almost everybody knows that. ( Adverb ဖြစ်တဲ့ Almost ဟာ Pronoun ဖြစ်တဲ့ everybody ကို အထူးပြုပါတယ် )
လူတိုင်းလိုလို အဲဒါကို သိကြတယ် ။
.
(6) Noun ကို အထူးပြုတဲ့အခါ
“like” ကို linking verb ရဲ့ နောက်မှာထားပြီး adverbial (adv ကဲ့သို့) အဖြစ် သုံးပြန်ပါတယ် ၊
Her hands felt like ice. ( Adverbial ဖြစ်တဲ့ like ice ဟာ noun ဖြစ်တဲ့ her hands ကို အထူးပြုပါတယ် .. adverb အစစ်တော့ မဟုတ်ဘူးပေါ့ )
သူမရဲ့ လက်တွေက ရေခဲလို အေးစက်နေခဲ့တယ်
..စသည်ဖြင့်တွေ့ရနိုင်ပါတယ်
~~ နေရာအရ ပြောမယ်ဆိုလျင်လည်း ၀ါကျရဲ့ ရှေ့မှာ ၊ အလယ်မှာ ၊ နောက်ဆုံးမှာ စသည်ဖြင့် နေရာပေါင်းစုံ လျှောက်သွားနိုင်ပါတယ်.
.
(1) Unfortunately, we could not see Mount Letpadaung.
ကံမကောင်းစွာပဲ လက်ပံတောင်းတောင်ကို ကျနော်တို့ မမြင်နိုင်ခဲ့ပါဘူး (Adv ဖြစ်တဲ့ Unfortunately ကို ရှေ့ဆုံးမှာထားတယ် ၊ ဒီမှာဆိုရင် ၀ါကျ တစ်ခုလုံးကို အထူးပြုတယ် )
.
(2) The children often ride their bikes.
ကလေးတွေ သူတို့ရဲ့စက်ဘီးတွေကို မကြာခဏ စီးကြတယ် ( Adv ဖြစ်တဲ့ often က အလယ်မှာ )
.
(3) I log in my Facebook account every day.
ကျနော့်ရဲ့ facebook ကိုနေ့တိုင်းဝင်တယ် (Adv ဖြစ်တဲ့ every day က နောက်ဆုံးမှာ ) ..စသည်ဖြင့်ရှိပါတယ် ။
.
~~ ဒါတွင်မကသေးပါဘူး ၊ အရေးအသားသဘောအရ ရည်ရွယ်ချက် တစ်ခုခုနဲ့ အဓိပ္ပါယ်တစ်ခုခုကို ပေးချင်တဲ့အခါ နေရာပြောင်းပြီး ထားတတ်ကြပါသေးတယ် (Some writers put an adverb of manner at the beginning of the sentence to catch our attention and make us curious: )
Slowly she picked up the knife. ဖြည်းညှင်းစွာပဲ သူမဟာ ဓါးကိုကောက်ယူလိုက်ပါတယ်
အခြေအနေတစ်ခုကြောင့် ဓါးကို ဖြည်းဖြည်းကောက်ယူရတဲ့ သဘောကို ပေါ်လွင်စေလိုတဲ့အတွက် slowly ကို ဦးစားပေးလိုက်တာမျိုးပါ ။
~~ ဒါပေမယ့် Adv ကို ရှေ့ပို့တိုင်း အလေးပေးဖေါ်ပြတာမျိုးလည်း မဟုတ်ပြန်ပါဘူး ၊ ဥပမာ
.
(4.a) I will tell you the secret tomorrow.
ဆိုတဲ့ ပုံမှန်ဝါကျကနေ Tomorrow ကိုရှေ့ပို့လိုက်တဲ့အခါ မနက်ဖန် ဆိုတဲ့ အချိန်ကို အလေးပေးမှု မရှိတော့ပါဘူးတဲ့ ၊
( If you don't want to put emphasis on the time, you can also put the adverb of time at the beginning of the sentence.)
.
(4.b) Tomorrow I will tell you the secret. လို့ ဖြစ်သွားပြီပေါ့
Adverb of manner နဲ့ Adverb of time ဟာ အကျိုးသက်ရောက်ပုံ ပြောင်းပြန်ဖြစ်နေတာကို သိနိုင်ပါလိမ့်မယ် ။
~~ Verb တစ်လုံးထက် ပိုပြီးပါတဲ့ ၀ါကျတွေမှာ Adv ကို ထားတဲ့နေရာက အဓိပ္ပါယ်အတွက် အရေးကြီးပြန်ပါတယ်
(The position of the adverb is important when there is more than one verb in a sentence.)
.
(5.a) She quietly asked me to leave the house ( quietly ဟာ ask ကို အထူးပြုတယ်)
သူမက ကျနော့်ကို အိမ်ကနေထွက်ခွာသွားဖို့ တိတ်ဆိတ်ငြိမ်သက်စွာ ပြောတယ် ( ညင်ညင်သာသာ ပြောမှ ရမှာမို့လို့ )
.
(5.b) She asked me to leave the house quietly (quietly ဟာ leave ကို အထူးပြုတယ်)
သူမက ကျနော့်ကို အိမ်ကနေ တိတ်ဆိတ်ငြိမ်သက်စွာ ထွက်ခွာသွားဖို့ ပြောတယ် (ပြဿနာရှာပြီး ထွက်သွားမှာစိုးလို့ဖြစ်မယ် ).. စသည်ဖြင့် ၀ါကျထဲမှာ ရွေ့လျားသွားလာနိုင်ပါတယ် ။
.
~~ အဲသလို အရှုပ်တွေ ပြီးတဲ့နောက်မှာတော့ ပြန်ရှင်းတဲ့အပိုင်းလာပြီပေါ့ ၊
ပထမဆုံး Adverb တွေကို သဘောချင်းတူရာ အုပ်စုတွေ ခွဲပြီး ဆက်လက် တင်ပြပါမယ် .. စောင့်ဖတ်ပါ
.
မေတ္တာဖြင့် 

Popular posts from this blog

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်

အလွယ်ကူဆုံးတရုတ်စကားပြော by ထက်အောင်ဇင်