Skip to main content

Posts

Showing posts with the label Adverb သုံးနည်း

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၉)

(၈) ကျိုးကြောင်းပြနှင့် ရည်ရွယ်ချက်ပြ ကြိယာဝိသသနများ ...................................... ဒီ adverb နှစ်မျိုးကို တွဲပြီးရှင်းလင်းတင်ပြကြတာများပါတယ် ။ တစ်ခုနဲ့တစ်ခုကလည်း နီးနီးကပ်ကပ် ဆက်နွယ်နေသလို တချို့သော အသုံးအနှုန်းတွေက နှစ်မျိုးလုံးအတွက် သုံးလို့ရနေတာတွေလည်း ရှိပါတယ်။ Why နဲ့မေးခွန်းထုတ်ပြီး ၀ါကျထဲက လိုက်ဖက်တဲ့ အဖြေကို ဆွဲထုတ်လိုက်ပါ ..အဲဒါဟာ reason adverb ပဲ ဖြစ်နေပါလိမ့်မယ် ။ Adverb of reason/purpose .. expresses the reason for or a purpose of an action. It describes why something happens. These adverbs answer the question ‘why’. .. တစ်လုံးချင်း adverb နဲ့ phrase adverb နမူနာများကတော့  accidentally, intentionally, deliberately, knowingly, purposely, purposefully, wilfully, consequently, accidentally-on-purpose, on purpose. စသည်တို့ဖြစ်ပါတယ် . အများအားဖြင့်တော့ အောက်မှာနမူနာဖေါ်ပြထားတဲ့ conjunctions လေးတွေနဲ့စတင်ထားတဲ့ Subordinating clause လက်အောက်ခံဝါကျပိုင်း လေးတွေအဖြစ်နဲ့ သုံးတာကို များများတွေ့နိုင်ပါတယ်.. .. Purpose.. to, in order to, with a view to, w

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၆)

(5) Adverbs of certainty (သေချာမှုပြ ကြိယာဝိသေသနများ) ………………………………………..  သေချာမှုပြတဲ့ ကြိယာဝိသေသနများဟာ အဖြစ်အပျက် လုပ်ဆောင်မှု တစ်ခုခုကို ဘယ်လောက်သေချာတယ် မသေချာဘူး စသည်ဖြင့် ဖေါ်ပြရာမှာ အသုံးပြုတဲ့ စကားလုံးများ ဖြစ်ပါတယ် Certainly, definitely, probably, undoubtedly, surely, clearly, maybe, perhaps, of course, naturally, simply, surely, obviously, actually စတဲ့ စာလုံးများကဲ့သို့ ဖြစ်ပါတယ် ..ရှေ့မှာတင်ပြခဲ့တဲ့ adverb အမျိုးအစားများနဲ့ တူညီတဲ့အချက်တွေ တော်တော်များပါတယ် ၊ သတိထားဖွယ်ရာ စာလုံးလေးများကိုတော့ သေချာမှတ်သားလိုက်စေချင်ပါတယ် .. . 1. အဓိက ကြိယာရဲ့ ရှေ့မှာထားပြီး သုံးပါတယ် ၊ သို့သော်လည်း V be ရဲ့နောက်မှာ ထားရမှာ ဖြစ်ပါတယ် (Adverbs of certainty go before the main verb but after the verb 'to be' ) He (definitely) LEFT the house this morning. ဒီမနက်မှာ သူ အိမ်ကနေ အသေအချာ ထွက်သွားခဲ့ပါတယ် (ထွက်သွားခဲ့တာ သေချာပါတယ်) He IS (probably) in the park. သူ ပန်းခြံထဲမှာ ရှိနေလောက်ပါတယ် . 2. အခြားသော အကူကြိယာများနဲ့ အဓိကကြိယာ အတူသုံးတဲ့အခါ သူတို့အလယ်မှာ ထားရပါတယ် (With

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၅)

(4) Adverbs of frequency ( အကြိမ်ရေပြ ကြိယာဝိသေသနများ) .......... Always, usually, normally, often, sometimes, occasionally, seldom, hardly ever, never စတဲ့ အကြိမ်ရေကိုပြတဲ့ စကားလုံးများဖြစ်ပါတယ် ၊ တစ်လုံးတည်းသာမက from time to time, once in a month စတဲ့ စကားစု phrase များလည်းပါဝင်ပါတယ် .. How often? ဆိုတဲ့မေးခွန်းရဲ့ အဖြေနဲ့ကိုညီတဲ့စာလုံးဟာ adverb of frequency ပဲဖြစ်ပါတယ် ။ . (4.a) Always, often, never စတဲ့ Indefinite frequency (မတိကျတဲ့အကြိမ်ရေပြ) များနဲ့ . (4.b) Yearly, once, twice, three times စတဲ့ Definite frequency (တိကျတဲ့အကြိမ်ရေပြ) စသည်ဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်.. …………………………………………………… (4.a) Indefinite frequency က သုံးစွဲပုံ ပိုများတဲ့အတွက် သူ့ကိုအရင်ပြောချင်ပါတယ် ၊ ၀ါကျထဲမှာ ထားတဲ့နေရာတွေကတော့ . (4.a.1) အများအားဖြင့် main verb ရဲ့ရှေ့မှာထားလေ့ရှိပါတယ် ။ (An adverb of frequency goes before a main verb.) . e.g. I (often) GO to the cinema.  ကျနော် ရုပ်ရှင်ရုံကို မကြာခဏ သွားလေ့ရှိပါတယ် e.g. I (seldom) READ the newspaper. ကျနော်သတင်းစာကို ဖတ်ခဲပါတယ် (ဖတ်တာအလွန်နည်းတယ်) အများစ

Adverb Clause of Place -နေရာပြ ကြိယာဝိသေသန စကားစုများ

Adverb Clause တွေကို လေ့လာကြည့်ရအောင် The Adverb Clause of Place indicates the place about which the ver b talks. အခြေခံကနေ လေ့လာလို့ ရအောင် အလွယ်စားလေးတွေကနေ စပါမယ် . - ဘယ်နေရာမှာ လုပ်တယ်.. ၊ ဖြစ်တယ် ဆိုတာကို ဖော်ပြတဲ့ Clause ကို Adverb Clause of Place လို့ ခေါ်ပါတယ်. သူမှာ သုံးတဲ့ Conjunction တွေက .. Where, Wherever, where ကို .. " ရာ " လို့ ဘာဘာ ပြန်လို့ ရပါတယ်. - Stay where you are. မင်းရှိရာနေရာမှာပဲ နေ။ - I will go wherever you go. မင်းသွားလေရာရာ ငါသွားမယ်။ ဥပမာ.. မင်းကြိုက်တဲ့ နေရာ .. မင်းကြိုက်တယ်... You like .. အဲ့ဒီမှာ မင်းကြိုက်တဲ့ နေရာ ... " နေရာ " ဆိုတဲ့ ..ဟာကို ..အင်္ဂလိပ်လိုပြောတော့ where .။ ဒါကို .ပေါင်းလိုက်တော့ where you like. ၁။ မင်းကြိုက်တဲ့နေရာ ထိုင်ပါ လို့ ပြောချင်တဲ့ အခါ ၊ ရေးချင်တဲ့ အခါ . Where you like= မင်းကြိုက်တဲ့ နေရာ .. ထိုင်ပါ။ Sit. အားလုံးပေါင်းတော့ Sit where you like . မင်းကြိုက်တဲ့နေရာ ထိုင်ပါ။ ၂။ မင်းကြိုက်တဲ့ နေရာအိပ်ကွာ. . .. အိပ်ကွာ... sleep . မင်းကြိုက်တယ် အထက်ကလိုပဲ you like .. နေရာ၊

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၁)

အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်ရာ တို့တို့တိတိလေးတွေ ထဲကနေ ဒီတစ်ကြိမ်မှာတော့ Adverb လေးတွေရဲ့ အကြောင်းကို တင်ဆက်လိုက်ပါတယ် ၊ ရေးမယ်လို့ စိတ်ကူးပြီး ပြန်ကြည့်လိုက်တော့မှ ထင်ထားတာထက် ပိုရှုပ်နေတာကို တွေ့လိုက်ရပါတယ် ၊ ရှုပ်နေတဲ့ ပြဿနာကို အစလေးတွေ ဆွဲထုတ်ပြီး ဖြည်းဖြည်းချင်း ပြန်ရှင်းထုတ်လိုက်တော့မှ မှတ်သားစရာ ယေဘူယျ အချက်လေးတွေ ထွက်လာပါတော့တယ် ၊ အဲသလိုမျိုး ကျနော်ရှုပ်သွားတဲ့အတိုင်း ၊ ပြီးတဲ့နောက် ကျနော်ရှင်းသွားတဲ့အတိုင်း ချရေးလိုက်ပါတော့တယ် ၊ အရှုပ်တွေကို ကျော်ပြီး အရှင်းပိုင်းကို ဖတ်လိုကဖတ်ပါ ကျနော်က အရစ်ရှည်တတ်လို့ပါ ၊ ဘယ်လိုရှုပ်တာလဲ သိချင်ရင်တော့ အစအဆုံးဖတ်ပါ .. အရှုပ်တွေကတော့ . ~~ Adverb ဆိုတာ ကြိယာဝိသေသန လို့ မြန်မာမှုပြုထားတာနဲ့အညီ ကြိယာ(verb) ကို အထူးပြုတာပေါ့လို့ သိထားပေမယ့် Adjective ကိုရော Adverb ကိုရော အထူပြုနိုင်ပါတယ် ၊ ၀ါကျ တစ်ခုလုံးကို အထူးပြုတာတွေလည်း ရှိပါတယ် ၊ ပိုပြီးတော့ ထူးခြားတာက Gerund noun (verbal noun) တွေနဲ့ Pronoun တွေကိုပါ အထူးပြုနိုင်ပါသေးတယ် ၊ Noun ကိုတော့ adverb တစ်လုံးချင်းက အထူးမပြုနိုင်သော်လည်း adverbial ( adverb ကဲ့သိ

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၂)

(1) Adverbs of Manner (နည်းဟန်ပြ ကြိယာဝိသေသနများ) .............. Slowly, carefully, gently, awfully, .. စသည်ဖြင့် ဘယ်လိုဘယ်ပုံ နည်းဟန်တွေကို ပြတဲ့ adv တွေ ဖြစ်ပါတယ် ၊ အများအားဖြင့် Adj ကို ly ပေါင်းထားတဲ့ Adv တွေကို တွေ့ရတာများပါတယ် ၊ ၀ါကျထဲမှာ Verb ကိုအထူးပြုပါတယ် (-ly ပေါင်းထားပေမယ့်လည်း Adj တွေဖြစ်နေတဲ့ lovely, friendly တို့လို စကားလုံးတွေလည်း ရှိတဲ့အတွက် ly ပေါင်းတာကိုပဲ ပုံသေမှတ်လို့တော့ မရပါဘူး) ၀ါကျထဲမှာသုံးတဲ့နေရာတွေကို ကြည့်မယ်ဆိုရင် ………………………… (1.1) Object ရဲ့ နောက်မှာထားပါတယ် He drove the car CAREFULLY. သူက ကားကို သတိကြီးစွာဖြင့် မောင်းခဲ့တယ် (~~ သတိထားးရမှာက verb နဲ့ object ကြားမှာ ထားလို့မရပါဘူး ၊ ဥပမာ ..He drove CAREFULLY the car. လို့မရေးရပါဘူး ။) ............................... (1.2) Object မပါတဲ့ အခါမှာတော့ Main Verb ရဲ့ နောက်မှာ ထားနိုင်ပါတယ် He swims WELL. သူကောင်းစွာ ရေကူးတယ် ဒီနှစ်ခုကို ပေါင်းပြီး မှတ်သားမယ်ဆိုရင် ၀ါကျနောက်ဆုံးမှာ ထားတယ်လို့ မှတ်လို့ရပါတယ် ။ ………………………….. (1.3) နည်းဟန်ကို အလေးပေးဖေါ်ပြချင်တဲ့အခါ verb + object ရဲ့ရှေ့မှ