Skip to main content

Posts

Showing posts with the label Idioms သံုးပံုမ်ား

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၃၁)

(31.1) Achilles' heel: A seemingly small but actually crucial weakness. အပြင်ပန်း အမြင်မှာ အသေးအမွှား ထင်ရသော်လည်း တကယ်တန်းမှာ သေရေးရှင်ရေးတမျှ အရေးကြီးလှသော အားနည်းချက် ( အခီလီ(စ်)..ဟီးလ် ..လို့ အသံထွက်နိုင်ပါတယ်) .. (ဂရိ ဒဏ္ဍာရီပုံပြင်လာ သူရဲကောင်း အခီလီ ငယ်စဉ်က သူ့မိခင် Thetis ကနေ သူ့ကို ခြေဖနောင့်ကနေ ဆုပ်ကိုင်ပြီး Stynx လို့ အမည်ရတဲ့ မွန်မြတ်တဲ့ မြစ်ထဲက မြစ်ရေကို ရေချိုးပေးခဲ့တဲ့အတွက် သူအရွယ်ရောက်လို့ စစ်တိုက်တဲ့အခါ သူ့ကိုယ်ဟာ ဘာလက်နက်မှ မထိမရှနိုင်သော်လည်းပဲ ရေစင်နဲ့ မထိဘဲ ကျန်နေခဲ့တဲ့ ခြေဖနောင့်ကတော့ အားနည်းချက် ဖြစ်နေပြီး နောက်ဆုံး Paris ဆိုသူရဲ့ လက်ချက်နဲ့ ဖနောင့်ကို မျှားမှန်ပြီး သေဆုံးခဲ့ရပါတယ် .. အဲဒါကြောင့် အပြင်ပန်း အမြင်အားဖြင့် ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့သူတစ်ဦးဦးမှာ ရှိနေတဲ့ အရေးကြီးတဲ့ အားနည်းချက် ပျော့ကွက်ကို အခီလီးရဲ့ ခြေဖနောင့်နဲ့ တင်စားပြောဆိုလေ့ ရှိကြပါတယ်) .. His pride proved to be his ACHILLES’ HEEL. သူ့ရဲ့ ပလွှားမှုက သူ့အားနည်းချက်ဆိုတာကို သက်သေပြသွားခဲ့တယ် .. I think Frank’s vanity is his ACHILLES' HEEL. ဘ၀င်မြင့်မှုက ဖရ

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၂၉)

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၂၉) ……………………………………………………… (29.1) Honest John: ရိုးသားဖြောင့်မတ်သော ၊ ယုံကြည်စိတ်ချရသော ၊ သဘောထား စစ်မှန်သော သူ A truthful, trustworthy, or sincere man. .. Not Every Plumber is an HONEST JOHN. When you need to hire a plumber for your home, there are things you need to consider. ရေပိုက်ပြင်သမာတိုင်းကတော့ ယုံကြည်စိတ်ချရသူ မဟုတ်ပါဘူး (တချို့က စိတ်ချရပြီး တချို့က စိတ်မချရ) ၊ အိမ်အတွက်ရေပိုက်ပြင်သမား ခေါ်မယ်ဆိုလျှင် စဉ်းစားရမယ့် အချက်တွေ ရှိပါတယ် . How can I tell that he is an HONEST JOHN? သူက ရိုးသားပြီးယုံကြည်စိတ်ချရသူလားဆိုတာ ကျနော်ဘယ်လိုလုပ် ပြောနိုင်မှာလဲ …………………………………………….. Truthful (adj) ရိုးသားဖြောင့်မတ်သော ၊ မှန်ကန်သော Trustworthy (adj) ယုံကြည်စိတ်ချရသော Sincere (adj) (သဘောထား ၊ အပြုအမူစသည်) ဟန်ဆောင်မဟုတ်သော ၊ စစ်မှန်သော ……………………………………. (29.2) Peeping Tom: မိန်းကလေးများ အ၀တ်အစားလဲသည်ကို ချောင်းကြည့်လေ့ရှိသူ အမျိုးသား A man who tries to secretly watch women when they are wearing no clothes .. The police caught a PEEPING T

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၂၇)

နာမည်တွေပါတဲ့ Idiom တွေ ရေးဖို့ တွေးထားမိလို့ စုစည်းတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ် ၊ နမူနာဝါကျတွေများများ ရှာမရတာကြောင့် ပေးရတာ အားမရပါ ၊ နောက်ရေးမယ့် သင်ခန်းစာတွေမှာ ပိုကောင်းအောင် ကြိုးစားပါ့မယ် ………………… (27.1) Benjamin of the family: အငယ်ဆုံး သားသမီး  The youngest child .. Sarah is the BENJAMIN OF THE FAMILY. ဆာရာက အထွေးဆုံး သမီးလေးပါ (အထွေးဆုံး = အငယ်ဆုံး) …………………………………………………………… (27.2) Johnny-come-lately: နောက်မှပေါက်တဲ့ ရွှေကြာပင် ၊ လူသစ်  A newcomer, a person who has recently joined a group. .. အများကိန်း ပြောင်းလျှင် ပုံစံမူကွဲ နှစ်မျိုး ရှိပါတယ်  (plural : Johnny-come-latelies (or) Johnnies-come-lately ) .. Apple Computer Inc. is a JOHNNY-COME-LATELY, since the British record company Apple had trademarked their logo previously. ဗြိတိသျှ အသံသွင်းကုမ္ပဏီ ပန်းသီး က သူတို့ရဲ့ အမှတ်အသားတံဆိပ်ကို အရင်အဦး မှတ်ပုံတင်ခဲ့ပြီးဖြစ်လို့ ပန်းသီးကွန်ပြူတာကုမ္ပဏီဟာ နောက်မှပေါ်တဲ့ ရွှေကြာပင်သာ ဖြစ်ပါတယ် ………………………………. (27.3) Jack of all trades, master of none: ကိုဖိုးသိ ကိုဖိုးတတ်