1. ဦးအဂ္ဂပါရမီ- The best Question စာအုပ် 2. အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃. ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄. ဦးအဂ္ဂပါရမီ- Idioms for you 5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6. ထက်အောင်ဇင် တရုတ်စကားပြော 7. ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8. ပညာကျော်- စီးပွားသုံးအဘိဓာန် 9. ကိုးရီးယားစကားပြောစာအုပ် 10. ဂျပန်စကားပြောစာအုပ် 11. ငါးဘာသာစကားပြောနည်းစာအုပ် 12. ထိုင်းစကားပြောစာအုပ် 13. အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14. အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15. ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16. အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17. အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18. ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19. ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20. ဆရာဦ...
အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၂၉)
………………………………………………………
(29.1) Honest John: ရိုးသားဖြောင့်မတ်သော ၊ ယုံကြည်စိတ်ချရသော ၊ သဘောထား စစ်မှန်သော သူ
A truthful, trustworthy, or sincere man.
..
Not Every Plumber is an HONEST JOHN. When you need to hire a plumber for your home, there are things you need to consider.
ရေပိုက်ပြင်သမာတိုင်းကတော့ ယုံကြည်စိတ်ချရသူ မဟုတ်ပါဘူး (တချို့က စိတ်ချရပြီး တချို့က စိတ်မချရ) ၊ အိမ်အတွက်ရေပိုက်ပြင်သမား ခေါ်မယ်ဆိုလျှင် စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်
.
How can I tell that he is an HONEST JOHN?
သူက ရိုးသားပြီးယုံကြည်စိတ်ချရသူလားဆိုတာ ကျနော်ဘယ်လိုလုပ် ပြောနိုင်မှာလဲ
……………………………………………..
Truthful (adj) ရိုးသားဖြောင့်မတ်သော ၊ မှန်ကန်သော
Trustworthy (adj) ယုံကြည်စိတ်ချရသော
Sincere (adj) (သဘောထား ၊ အပြုအမူစသည်) ဟန်ဆောင်မဟုတ်သော ၊ စစ်မှန်သော
…………………………………….
(29.2) Peeping Tom: မိန်းကလေးများ အ၀တ်အစားလဲသည်ကို ချောင်းကြည့်လေ့ရှိသူ အမျိုးသား
A man who tries to secretly watch women when they are wearing no clothes
..
The police caught a PEEPING TOM at a public toilet last night.
မနေ့ညက အများသုံးအိမ်သာမှာ ချောင်းကြည့်သမားတစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်
..
I am not a PEEPING TOM.
ကျနော်က ချောင်းကြည့်သမားတစ်ယောက် မဟုတ်ပါ (ဒါမျိုးကျ မြန်မြန် ငြင်းထားရမယ်)
……………………………………………….
(29.3) Nosey Parker (or) Nosy Parker: စပ်စုစိန်
A person who is nosy
..
I caught that NOSEY PARKER reading my diary.
ကျနော့်ဒိုင်ယာယီစာအုပ်ကို စပ်စုစိန်တစ်ယောက် ဖတ်နေတာ ဖမ်းမိခဲ့ပါတယ်
.
Debbie is a real NOSEY PARKER. She always knows the latest gossip.
ဒက်ဘီ က တကယ့်စပ်စုစိန်တစ်ယောက်ပါ ၊ သူက နောက်ဆုံးပေါ် အတင်းအဖျင်းစကားတွေကို အမြဲတန်း သိပါတယ်
…
Nosey (adj) စပ်စုသော
Gossip(n) အတင်းအဖျင်းစကား
……………….
အင်္ဂလိပ်လို အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေကိုပါ မှတ်သားစေချင်ပါတယ် ၊ ကျနော်တို့ ပြောလိုက်တဲ့ Idiom ကို နားထောင်သူက နားမလည်ဘူးထင်လျှင် အဲသည် အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲက စကားလုံးလေးတွေနဲ့ အစားထိုး ပြောလို့ ရပါတယ် ..
..
ဥပမာ
A : Some people think that I am an HONEST JOHN.
B : What did you mean? Would you mind clarifying what you said?
A : I mean I am a trustworthy and sincere man, some people think like that. Simply I can say that I am an honest man. စသည် စသည်ဖြင့်
..
အဲဒါဆို ကျနော်တို့သုံးတဲ့စာလုံး အကြောင်းသေချာသိတယ် ဆိုတာလည်း ထင်ရှားသွားပါမယ်
………………………………….
မေတ္တာဖြင့်
Win Naing Oo's posts from အင်္ဂလိပ်စာ စိတ်ဝင်စားသူများ