Skip to main content

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

အသုံးဆန်း (Idiom) လေးများနဲ့ စကားပြောပုံများ (၃၁)
















(31.1) Achilles' heel: A seemingly small but actually crucial weakness.
အပြင်ပန်း အမြင်မှာ အသေးအမွှား ထင်ရသော်လည်း တကယ်တန်းမှာ သေရေးရှင်ရေးတမျှ အရေးကြီးလှသော အားနည်းချက်
( အခီလီ(စ်)..ဟီးလ် ..လို့ အသံထွက်နိုင်ပါတယ်)
..
(ဂရိ ဒဏ္ဍာရီပုံပြင်လာ သူရဲကောင်း အခီလီ ငယ်စဉ်က သူ့မိခင် Thetis ကနေ သူ့ကို ခြေဖနောင့်ကနေ ဆုပ်ကိုင်ပြီး Stynx လို့ အမည်ရတဲ့ မွန်မြတ်တဲ့ မြစ်ထဲက မြစ်ရေကို ရေချိုးပေးခဲ့တဲ့အတွက် သူအရွယ်ရောက်လို့ စစ်တိုက်တဲ့အခါ သူ့ကိုယ်ဟာ ဘာလက်နက်မှ မထိမရှနိုင်သော်လည်းပဲ ရေစင်နဲ့ မထိဘဲ ကျန်နေခဲ့တဲ့ ခြေဖနောင့်ကတော့ အားနည်းချက် ဖြစ်နေပြီး နောက်ဆုံး Paris ဆိုသူရဲ့ လက်ချက်နဲ့ ဖနောင့်ကို မျှားမှန်ပြီး သေဆုံးခဲ့ရပါတယ် ..
အဲဒါကြောင့် အပြင်ပန်း အမြင်အားဖြင့် ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့သူတစ်ဦးဦးမှာ ရှိနေတဲ့ အရေးကြီးတဲ့ အားနည်းချက် ပျော့ကွက်ကို အခီလီးရဲ့ ခြေဖနောင့်နဲ့ တင်စားပြောဆိုလေ့ ရှိကြပါတယ်)
..
His pride proved to be his ACHILLES’ HEEL.
သူ့ရဲ့ ပလွှားမှုက သူ့အားနည်းချက်ဆိုတာကို သက်သေပြသွားခဲ့တယ်
..
I think Frank’s vanity is his ACHILLES' HEEL.
ဘ၀င်မြင့်မှုက ဖရန့်ရဲ့ အားနည်းချက်ပဲလို့ ကျနော်ယူဆပါတယ်
..
Heel (n) ခြေဖနောင့်
Crucial (adj) အရေးပါလှသော ၊ သေရေးရှင်ရေးဖြစ်သော
Pride (n) မာန ၊ ပလွှားမှု
Vanity (n) ဘ၀င်မြင့်ခြင်း ၊ ၀င့်ဝါခြင်း
……………………….
(31.2) Before (someone) can say Jack Robinson: Quickly or suddenly
အလျှင်အမြန် ၊ ရုတ်တရက်ချက်ခြင်း
..
I'll finish this lesson BEFORE YOU COULD SAY JACK ROBINSON.
ကျနော် ဒီသင်ခန်းစာကို အလျှင်အမြန် အဆုံးသတ်ပါမယ်
..
I wanted to have a conversation with him but he was gone BEFORE I COULD SAY JACK ROBINSON.
ကျနော်က သူနဲ့ စကာေးပြောချင်ပေမယ့် သူက ချက်ခြင်း ဗြုန်းစားကြီး ထွက်သွားလိုက်ပါတယ်
(ဗြုန်းစားကြီး = ရုတ်တရက်ကြီး)
(ဒီ Jack Robinson ဆိုသူကြီးက တကယ်ရှိခဲ့ပါသတဲ့ ၊ သူ့မိတ်ဆွေတွေဆီ အလည်သွားတဲ့အခါ ဟိုက သူ့နာမည်ခေါ်ပြီး နှုတ်ဆက်မယ်ရှိသေး သူက ပြန်ပြန်သွားလေ့ ရှိသတဲ့ ၊ ဒါကြောင့် အလျှင်အမြန် ရုတ်ချည်း ဖြစ်ပျက်တဲ့သဘောတွေအတွက် သူ့နာမည်က ခိုင်းနှိင်းတင်စားစရာ ဖြစ်လာရပါတယ်)
…………………….
(31.3) Every Tom, Dick and Harry: anyone ၊ any ordinary person
ဘယ်သူမဆို ၊ သာမန်လူ ဘယ်သူမဆို
.
EVERY TOM, DICK AND HARRY knows what happened.
ဘာဖြစ်ခဲ့တယ် ဆိုတာကို ဘယ်သူမဆို သိပါတယ်
..
I can't be expected to answer for EVERY TOM, DICK OR HARRY'S questions.
လူတိုင်းရဲ့ မေးခွန်းတွေကို ဖြေဆိုပေးဖို့ ကျနော့်ကို မျှော်လင့်လို့ မရနိုင်ပါဘူး
..
အမေရိကန်တွေက Tom, Dick AND Harry လို့ သုံးပေမယ့် အင်္ဂလိပ်တွေကတော့ Tom, Dick OR Harry လို့ သုံးကြောင်း သိရပါတယ်
……………………………
(31.4) Bob's your Uncle: everything is fine; problem solved
အားလုံးအဆင်ပြေသွားပြီ ၊ ပြဿနာ ပြေလည်သွားပြီ
(ဒါကတော့ UK slang လို့ဆိုပါတယ်)
..
Just tell them you're a friend of mine, you'll get the job, and Bob's your uncle.
မင်းက ငါ့သူငယ်ချင်းပါလို့ သူတို့ကို ပြောပဲ ပြောလိုက်ပါ ၊ မင်းအလုပ်ရသွားမယ် ၊ အားလုံး အဆင်ပြေသွားပြီ !
..
Just copy the lesson and learn it, and Bob's your uncle, you will get fluency.
ကူးပြီးလေ့လာရုံပါပဲ ၊ ပြဿနာပြေလည်သွားပြီ ၊ တတ်မြောက်ကျွမ်းကျင်မှုကို ရပါလိမ့်မယ်
………………………
လူနာမည်ပါတဲ့ idiom လေးတွေ ခေတ္တရပ်ပြီး adverb အတွက် post အသစ်လေး ရေးလိုက်ပါဦးမယ် ၊ ရေးနေဦးမှာပါ ၊ ရင်းရင်နှီးနှီး ပျော်ပျော်ပါးပါး ပုံစံလေးနဲ့ပေါ့
..
မေတ္တာဖြင့် 

Popular posts from this blog

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်

အလွယ်ကူဆုံးတရုတ်စကားပြော by ထက်အောင်ဇင်