Skip to main content

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

ကျနော် နပန်းသတ်ခဲ့ရသော Adverb များ (၉)






















(၈) ကျိုးကြောင်းပြနှင့် ရည်ရွယ်ချက်ပြ ကြိယာဝိသသနများ
......................................
ဒီ adverb နှစ်မျိုးကို တွဲပြီးရှင်းလင်းတင်ပြကြတာများပါတယ် ။ တစ်ခုနဲ့တစ်ခုကလည်း နီးနီးကပ်ကပ် ဆက်နွယ်နေသလို တချို့သော အသုံးအနှုန်းတွေက နှစ်မျိုးလုံးအတွက် သုံးလို့ရနေတာတွေလည်း ရှိပါတယ်။ Why နဲ့မေးခွန်းထုတ်ပြီး ၀ါကျထဲက လိုက်ဖက်တဲ့ အဖြေကို ဆွဲထုတ်လိုက်ပါ ..အဲဒါဟာ reason adverb ပဲ ဖြစ်နေပါလိမ့်မယ် ။
Adverb of reason/purpose .. expresses the reason for or a purpose of an action. It describes why something happens. These adverbs answer the question ‘why’.
..
တစ်လုံးချင်း adverb နဲ့ phrase adverb နမူနာများကတော့ 
accidentally, intentionally, deliberately, knowingly, purposely, purposefully, wilfully, consequently, accidentally-on-purpose, on purpose. စသည်တို့ဖြစ်ပါတယ်
.
အများအားဖြင့်တော့ အောက်မှာနမူနာဖေါ်ပြထားတဲ့ conjunctions လေးတွေနဲ့စတင်ထားတဲ့ Subordinating clause လက်အောက်ခံဝါကျပိုင်း လေးတွေအဖြစ်နဲ့ သုံးတာကို များများတွေ့နိုင်ပါတယ်..
..
Purpose.. to, in order to, with a view to, with the (intention/object/aim) of, for the purpose of, lest, ..
Reason .. so, so that, as, because, since, that, therefore, consequently, 
.......................
လုံးချင်း adverb တွေကတော့ main verb ရဲ့ ရှေ့မှာဖြစ်စေ ၀ါကျနောက်ဆုံးမှာဖြစ်စေ သုံးလေ့ရှိပါတယ်
..
(1) I PORPOSELY deleted unwanted comments.
ကျနော်က မလိုလားတဲ့ မှတ်ချက်ရေးသားမှုတွေကို တမင်တကာပဲ ဖျက်ပစ်ခဲ့ပါတယ်
(2) How could you do such a thing ON PURPOSE?
ဒီလိုမျိုး ကိစ္စတစ်ခုကို ဘယ်လိုရည်ရွယ်ပြီး ခင်ဗျားလုပ်နိုင်ခဲ့ပါလိမ့် 
(3) I PURPOSEFULLY shares the lessons on Facebook.
ကျနော်က သင်ခန်းစာတွေကို ရည်ရွယ်ချက်ယုံကြည်ချက်အပြည့်ဖြင့် facebook ပေါ်မှာ မျှဝေပါတယ်
(4) I ACCIDENTALLY-ON-PURPOSE stepped on his foot.
ကျနော်က မတော်တဆလိုနဲ့တမင်ပဲ သူ့ခြေထောက်ပေါ်ကို တက်နင်းခဲ့ပါတယ်
....................................................................
ဒီ adverb လေးတွေကတော့ ပင်မ၀ါကျနဲ့ လက်အောက်ခံဝါကျကို ဆက်ပေးတဲ့ စကားဆက်လေးတွေအဖြစ်လုပ်ဆောင်ပါတယ် ။ ဆိုလိုတာက အမျိုးအစားသည် adverb ၊ လုပ်ဆောင်မှုသည် conjunction ဖြစ်ပါတယ် ။ 
.
(5) We worried / LEST the plan become known.
အစီအစဉ် ပေါက်ကြားသွားမှာ(သိသွားမှာ)ကို စိုးရိမ်လို့ ကျနော်တို့ စိတ်ပူနေခဲ့ပါတယ်
(6) He did not work hard, THEREFORE, he failed.
သူ..မကြိုးစားခဲ့ပါဘူး ၊ ဒါကြောင့် သူကျရှုံးခဲ့ပါတယ်
(7) SINCE I haven’t got his address / I can’t write to him.
ကျနော့်မှာ သူ့လိပ်စာမရှိတဲ့အတွက် သူ့ဆီကို စာရေးလို့မရနိုင်ပါဘူး
(8) Every student should try hard / to pass the exam.
ကျောင်းသားတိုင်းက စာမေးအောင်ဖို့ ကြိုးစားသင့်ပါတယ်
(9) I am glad / THAT you have come.
ခင်ဗျားလာလို့ ကျနော်ဝမ်းသာပါတယ်
.
Reason မှန်းသိသာစေချင်လျှင် The reason + clause + is that ..နဲ့ ရေးလို့ရပါတယ်
(10) THE REASON we were late IS / THAT there was an accident.
ကျနော်တို့ နောက်ကျရတဲ့ အကြောင်းက မတော်တဆမှုတစ်ခု ရှိနေခဲ့လို့ ဖြစ်ပါတယ်
...............................................
နောက်ကချည့်ပဲ ဆက်ရမှာတော့ မဟုတ်ပါဘူး ရှေ့ကနေ ဆက်ပေးလို့ရတာတွေလည်းရှိပါတယ် .. စကားဆက်တစ်ခုချင်းစီရဲ့ သုံးစွဲပုံကို လေ့လာရမှာဖြစ်ပါတယ်
(11) SINCE I haven’t got his address / I can’t write to him.
ကျနော့်မှာ သူ့လိပ်စာမရှိတဲ့အတွက် သူ့ဆီကို စာရေးလို့မရနိုင်ပါဘူး
(12) AS you were not online, I left a message in chatbox.
ခင်ဗျားက online မှာမရှိတဲ့ အတွက်ကြောင့်မို့လို့ chatbox မှာပဲ message ရေးထားခဲ့လိုက်ပါတယ်
..................
~ ၀ါကျတစ်ခုမှာ adverb လုံးရေ သုံးလုံးထက်ပိုများနေလျှင် ၀ါကျခွဲပေးလေ့ရှိတယ်လို့ ဆိုပါတယ် ။ အတိအကျလိုက်နာရမယ့် စည်းကမ်းမဟုတ်ပါဘူး ၊ အဓိပ္ပါယ်ရှင်းလင်းစေဖို့ အကြံပြုချက်တစ်ခုပါ ။ သုံးလုံးထက် ပိုနေလျှင် စတုတ္ထမြောက် adverb စာလုံးဟာ သူအထူးပြုတဲ့ဝါကျနဲ့ ဝေးကွာနေတဲ့အတွက် အဓိပ္ပါယ်ဆက်စပ်စဉ်းစားဖို့ ဝေးကွာနေတဲ့အတွက်ဖြစ်ပါတယ် ။
.
~ ၀ါကျတစ်ခုကို adverb phrase ၀ါကျပိုင်းတွေနဲ့ အထူးပြုတဲ့အခါမှာလည်း အတိုအရှည်မညီခဲ့လျှင် ..အတိုဆုံးဝါကျပိုင်းကို အရှေ့ဆုံးနေရာမှာထားပြီး အရှည်ဆုံးကို နောက်ဆုံးမှာထားလေ့ရှိပါတယ် ။ အရှည်ဆုံး phrase ကရှေ့မှာရှိနေလျှင် ဟိုးနောက်က phrase တွေဟာ သူအထူးပြုတဲ့ပင်မ၀ါကျနဲ့ ဆက်စပ်စဉ်းစားဖို့ ပိုခက်ခဲသွားစေလို့ပါ
.
~ ကဲဒါဆို ..လုံးချင်း adverb တွေနဲ့ phrase adverb တွေ ရောသုံးတဲ့အခါ phrase adverb တွေကို နောက်ဆုံးမှာပဲ ထားသင့်တယ်ဆိုတာ လွယ်လွယ်တွေးလို့ရသွားပြီမဟုတ်ပါလား
.
အရှုပ်တွေကိုကြည့်ရင်းကြည့်ရင်းကနေ ပိုပိုရှုပ်လာသလို ခံစားလာရတတ်ပါတယ် ၊ အဲဒီအခါမှာ သွားခဲ့တဲ့ခရီးကို ပြန်ကြည့်လိုက်ပါ ၊ တော်တော်ဝေးဝေးကိုရောက်နေပါပြီ ၊ အဲဒီလိုသိပြီးကျေနပ်ရင်းနဲ့ပဲ မဆုံးတဲ့ ခရီးကို ဆက်လက်ချီတက်ပါ .. ပညာရပ်တစ်ခုအတွက် အပြီးအဆုံးသတ်ကို ကျနော်တို့ ဘယ်တော့မှ မရောက်နိုင်တာသေချာပါတယ် သို့သော်လည်း ကျနော်တို့ တော်တော်ဝေးဝေးကိုရောက်ပြီး တော်တော်များများကို သိနေအောင်တော့ လုပ်ထားသင့်ပါတယ်လို့ ..
.
မေတ္တာဖြင့် 

Popular posts from this blog

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်

အလွယ်ကူဆုံးတရုတ်စကားပြော by ထက်အောင်ဇင်