Skip to main content

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

Adverb Clause of Place -နေရာပြ ကြိယာဝိသေသန စကားစုများ










Adverb Clause တွေကို လေ့လာကြည့်ရအောင်
The Adverb Clause of Place indicates the place about which the verb talks.
အခြေခံကနေ လေ့လာလို့ ရအောင် အလွယ်စားလေးတွေကနေ စပါမယ် .
- ဘယ်နေရာမှာ လုပ်တယ်.. ၊ ဖြစ်တယ် ဆိုတာကို ဖော်ပြတဲ့ Clause ကို Adverb Clause of Place လို့ ခေါ်ပါတယ်.
သူမှာ သုံးတဲ့ Conjunction တွေက .. Where, Wherever,
where ကို .. " ရာ " လို့ ဘာဘာ ပြန်လို့ ရပါတယ်.
- Stay where you are. မင်းရှိရာနေရာမှာပဲ နေ။
- I will go wherever you go. မင်းသွားလေရာရာ ငါသွားမယ်။
ဥပမာ.. မင်းကြိုက်တဲ့ နေရာ ..
မင်းကြိုက်တယ်... You like .. အဲ့ဒီမှာ မင်းကြိုက်တဲ့ နေရာ ... " နေရာ " ဆိုတဲ့ ..ဟာကို ..အင်္ဂလိပ်လိုပြောတော့ where .။ ဒါကို .ပေါင်းလိုက်တော့
where you like.
၁။ မင်းကြိုက်တဲ့နေရာ ထိုင်ပါ လို့ ပြောချင်တဲ့ အခါ ၊ ရေးချင်တဲ့ အခါ .
Where you like= မင်းကြိုက်တဲ့ နေရာ ..
ထိုင်ပါ။ Sit.
အားလုံးပေါင်းတော့
Sit where you like . မင်းကြိုက်တဲ့နေရာ ထိုင်ပါ။
၂။ မင်းကြိုက်တဲ့ နေရာအိပ်ကွာ. .
..
အိပ်ကွာ... sleep .
မင်းကြိုက်တယ် အထက်ကလိုပဲ you like .. နေရာ၊ ..ရာ = where ,
where you like ပေါင်းတော့
Sleep where you like.
ခင်ဗျာ အိပ်နိုင်ပါတယ်။ You can sleep .. ခင်ဗျားကြိုက်တဲ့ နေရာမှာ
where you like . ပေါင်းတော့ You can sleep where you like.
( Subject ပါမယ်.. Verb ပါမယ် . အဓိပ္ပာယ်မပြည့်စုံသော ၀ါကျကို Clause လို့ ခေါ်ပါတယ် ..
Sit where you like.
မှာ .. where you like က Adverb Clause of Place ဖြစ်ပါတယ်.
Sit က ကံမလိုသော ကြိယာ ဖြစ်တာမို့ Obj မလိုသော ကြောင့် Noun Clause မဖြစ်နိုင်ပါ.။ အသုံးပြု တတ်ရေးကို ဦးစားပေးတာမို့လို့ သဒ္ဒါ နာမည်တွေ မရေးတော့ပါ။ )
၃။ ငါ ပြန်ရှာလို့ ရမည့် နေရာမှာ ( အဲ့ဒါကို ) ထားခဲ့တယ်။
ထိုအရာကို ကျွန်တော်ပြန်ရှာနိုင်တယ်
I can find it again.
ထိုအရာကို ကျွန်တော် ပြန်ရှာနိုင်တဲ့ နေရာ ( အဲ့ဒါကို ပြန်ရှာလို့ရတဲ့နေရာ )
ရာ ...က Where ပေါင်းလိုက်တော့
where I can find it again.
ကျွန်တော် အဲ့ဒီအရာကို ထားခဲ့တယ်။
I have put it .
ငါပြန်ရှာလို့ ရမည့် နေရာမှာ အဲ့ဒါကို ထားခဲ့တယ်။
I have put it where I can find it again.
( In this sentence, the Clause, ‘where I can find it again’ indicates the place where it is put. )
၎။ သူတို့နေနိုင်တယ်။
They can stay
သူတို့ရောက်နေတဲ့နေရာ ( ရှိနေတဲ့ နေရာမှာ )
where they are
ပေါင်းရေးတော့ They can stay where they are.
သူတို့ရှိနေတဲ့(ရောက်နေတဲ့) နေရာမှာ နေပါစေ. ( နေနိုင်ပါတယ်)
In this sentence, the Adverb-Clause ‘where they are’ indicates the place where they can stay.
That is an Adverb-Clause of Place.
>> နောက်တစ်ချက် သိစေချင်တာက .. Verb to be - နောက်မှာ Adverb / Adverb Phrase လိုက်တဲ့ အခါ .. ရှိတယ်.. ( တစ်နေရာရာမှာ ) တစ်နေရာရာမှာ ( ရောက်နေတယ် ) လို့ အဓိပ္ပာယ်ရှိပါတယ်.
I am here.
ငါဒီမှာ ။ ( ရှိတယ် )
I am in the class.
ငါ အတန်းထဲ မှာ ။ ( ရောက်နေတယ် )
where you are . ဆိုတော့ . မင်းရောက်နေတဲ့ နေရာ ... ။ မင်း ရှိနေသော နေရာ လို့ အဓိပ္ပာယ်ရပါတယ် ။
၅။ သွားကြစို့ ... Let us go ( Let's go )
သူတို့သည် ကျွန်တော်တို့ကို စောင့်ခိုင်းခဲ့သည်။
They asked us to wait.
သူတို့စောင့်ခိုင်းတဲ့ နေရာ
where they asked us to wait.
ကဲ..သူတို့ စောင့်ခိုင်းထားတဲ့နေရာကို သွားစို့။
Let us go where they asked us to wait.
>> ask - မေးတယ်
>> ask obj + to V1 ( ခိုင်းတယ်၊ မှာတယ် ) ဆိုတာလည်း မှတ်ထာပါဦး 
where ...ရာ ၊ တဲ့နေရာ ၊ သော နေရာ
wherever ....လေရာရာ..၊ ဘယ်နေရာမဆို၊ ဘယ်နေရာဖြစ်ဖြစ်
၆။ သူကပြောတယ် He said , သူပျော်တယ်လို့ He was happy . သူရောက်နေတဲ့နေရာမှာ.. where he was.
သူရောက်နေတဲ့ နေရာမှာ ပျော်နေတယ်လို့ သူကပြောတာပါပဲ။
He said that he was happy where he was.
၇။ မင်းဘယ်တွေပဲသွားသွား ကိုယ့်ကို မမေ့နဲ့နော်..
မင်းသွားတယ် you go ..ဘယ်နေရာမဆို... wherever
wherever you go , remember me.
ဒီလိုလည်း ရေးလို့ရပါတယ်။
- Remember me wherever you go.
၈။ မင်းကြိုက်တဲ့နေရာ သွားနိုင်ပြီ။
You can go wherever you like.
၉။ Wherever you go, you will find coca cola.
(သူများ သား၊ သမီးတွေ ငွေရှာ တတ်ပုံများ..အတုယူသင့်တယ်။)
စူပါ ကော်ဖီကလည်း အားကျမခံ . စူပါဆိုတာ နေရာတိုင်းမှာ ရှိတယ်. လုပ်တယ်။
၁၀။ Where there is a will, there is a way.
will - ဆန္ဒ
ဆန္ဒရှိတဲ့ နေရာမှာ .. နည်းလမ်းရှိတယ်။
( လိုလျှင် ကြံဆ နည်းလည်းရ )
၁၀။ သီချင်းလေး တစ်ပုဒ်ကြားဖူးလားတော့ မသိပါဘူး။ မင်းဘယ်လမ်းသွားသွား မင်းနောက်က လိုက်လို့နေမယ် ..မင်းကမ္ဘာအဆုံးသွားလည်း ..
မင်းသွားတယ်... you go ..မင်းဘယ်သွားသွား wherever you go , I will follow you.
- စကားကြီး စကားကျယ်တစ်ခုလောက် ပြောရအောင်..
၁၁ ။ မင်းဘယ်ကိုပဲ သွားသွား ကိုယ့်နိုင်ငံကို မမေ့နဲ့ ။
Wherever you go , remember your country.
၁၂။ ဘယ်နေရာကြည်ကြည့်ဗျာ...ကလေးတိုးလို့တွဲလောင်းနဲ့ မိခင်တွေကို တွေ့ရတယ်
Everywhere I look, I see mothers with newborn babies.
၁၃။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ..
မ = woman .. ကံဆိုးသော = unlucky
ကံဆိုးမ = an unlucky woman
ကံဆိုးမသွား an unlucky woman goes
ကံဆိုးမသွားရာ where unlucky woman goes,
မိုးလိုက်လို့ရွာ = the rain follows
Where an unlucky woman goes, the rain follows.
Wherever the damsel of ill-fortune goes there the rain follows.
(One cannot escape one's karma )
( Burmese Proverbs by Dr Hla Pe )
၁၄။ ကျားရဲရာ ကြမ္မာမယိုးရာ။
ကျား = the tiger
ရဲ.... bold
ကျားရဲရာ = where the tiger is bold
you should not blame your fate.
( Where there are bold tigers about you are not justified in blaming your fate.)
Don't take unnecessary risks by relying too much on your karma. ( Burmese Proverbs by Dr Hla Pe )
နံပါတ် ၁၃ ၊ ၁၄ က ဆရာဦးသာနိုးအတန်းမှာ ဆရာ သင်ပေးတဲ့စာတွေပါ။ ၀ါကျတည်ဆောက်ပုံကို သင်ပေးခြင်းဖြစ်ပါတယ်.
၁၅။ Fools rush in where angles fear to tread.
( saying ) People with little experience try to do the difficult or dangerous things which more experienced people would not consider doing. )
၁၆။ Credit where credit's due.
ချီးကျူးထိုက်တဲ့ နေရာမှာ ချီးကျူး လိုက်ပါ။
၁၇။ ဘယ်သွားသွား သူနဲ့ အမြဲ တိုးနေသလိုပဲ။
ကျွန်တော် သွားသည် ။ I go
ကျွန်တော် ဘယ်သွားသွား Wherever I go ,
ကျွန်တော် သူနဲ့ တိုးနေပုံ ပေါ်သည်။
I seem to bump into him.
bump into -မမျှောင်လင့်ပဲ တွေ့တာမျိုး
Wherever I go , I always seem to bump into him.
၁၈။ သူကို ငါ လှမ်းကြည့်လို့ ရသော နေရာမှာ ဆော့ခိုင်းထားလိုက် ။
သူ့ကို ဆော့ခိုင်းထားလိုက် Let him play.
ငါ စောင့်ကြည့်လို့ ရသော I can keep can an eye on him
ငါ စောင့်ကြည့်လို့ ရသော နေရာ . where I can keep an eye on him.
Let him play where I can keep an eye on him.
၁၉.Put the sign where the students can read it.
The students can read it. ထိုအရာကို ကျောင်းသားများ ဖတ်နိုင်သည်.
Where the students can read it . ကျောင်းသားများ ဖတ်နိုင်သည့် နေရာ..
၂၀ ။
ဆင်းရဲသားတွေ နေသော နေရာ.
ဆင်းရဲသားများ - The poor
ဆင်းရဲသားများ နေသည် - The poor live
ဆင်းရဲသားများ နေသော နေရာ - Where the poor live
ဆင်းရဲသားတွေ နေသော နေရာက ညစ်ပတ်တယ်။
It's dirty where the poor live.
ဒီလိုဆိုရင် ကိုယ်တိုင်တွေးပြီး ၀ါကျတွေ တည်ဆောက် လာနိုင်မယ် ထင်ပါတယ် .
ဥပမာ.. သူက ဘယ်သွားသွား သူ့ ခွေးကလေးကို ခေါ်သွားတယ်.
He takes his dog with him wherever he goes.
- သူ ဘယ်သွားသွား သူ့နောက်ကို ရဲတွေက လိုက်တာပဲ ။
Wherever he goes, the police follow him .
Anywhere ကိုလည်း သုံးတတ်တယ်.
You can play anywhere you like
>> ရှု့ခင်းလှတဲနေရာတွေမှာ ငါတို့ ဓါတ်ပုံ ရိုက်မယ်.
We'll take photos where there is beautiful scenery.
>> ရှုခင်းလှတဲ့ နေရာတွေကို ငါတို့ သွားကြမယ်။
We'll go where there is beautiful scenery.
>> ဘုရားတွေ အများကြီး ရှိတဲ့ နေရာကို သွားကြစို့ ။
Let's go where there are lots of pagodas.
>> သစ်ပင်တွေ အမြဲစိမ်းလန်းတဲ့ နေရာမှာ နေချင်တယ်။
I want to live where the trees are evergreen.
>> ကိုယ်ဘယ်တွေပဲ ရောက်ရောက် မင်းကို သတိရနေမှာပါ.
Wherever I am, I will remember you.
.
နမူနာဖတ်ရန်ဝါကျများ
-----------------------
Young people have to go where they can find jobs.
Where I come from, the summer is very dry and hot.
Wherever there is music, people will often dance.
Let’s go to the room where they asked us to wait.
Everywhere we went, people greeted us warmly.
 Wherever we went, people greeted us warmly.)
Where the tiger is bold, you should not blame fate.
Wherever you live, I will come to that place to live.
He led the caravan, wherever he wanted to go.
You can paste it wherever you like to be.
Let him be arrested wherever he may be found.

Popular posts from this blog

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၂ 21.   ဆရာခင်မောင်းန်း -  English 900 22.   ဦးအဂ္ဂ- လူတိုင်းအတွက် အင်္ဂလိပ်စာ 23.   ဝင်းသစ်-လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကားလုံးများ 24.   ချိုဝင်းကျော်-အသုံးတည့်အင်္ဂလိပ်သဒ္ဒါ 25.   ခွဲ

အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်

အလွယ်ကူဆုံးတရုတ်စကားပြော by ထက်အောင်ဇင်