Skip to main content

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦ...

Very နဲ့ Very much မတူတာလေးတွေ မှတ်ဖို့ကောင်းတယ်

…………………………………………………
Very နဲ့ very much ဟာ ကျနော်တို့ တော်တော်ကြီးကို သုံးဖြစ်တဲ့စာလုံးတွေပါ .. အဲဒါကြောင့် သူတို့ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ပြီးတော့ သုံးတဲ့အခါမှာလည်း မှန်မှန်ကန်ကန်လေး ဖြစ်ကြစေဖို့ ကျနော်က ထုတ်နှုတ်တင်ဆက် လိုက်ရဖြင်း ဖြစ်ပါတယ် ..
.
(1) Very ကို adjective များ adverb များရဲ့ ရှေ့မှာထားပြီး သုံးပါတယ်
.
(1.1) You are VERY kind. (adj ရှေ့မှာ)
ခင်ဗျားက အလွန်ပဲ ကြင်နာတယ်
.
(1.2) I came VERY quickly. (adv ရှေ့မှာ)
ကျနော် လျင်လျင်မြန်မြန် လာခဲ့ပါတယ်
.
(-ly ဆုံးတဲ့ adv ဆို “စွာ” နဲ့ဆုံးတယ်လို့ အသေမစွဲထားပါနဲ့ ဘာသာပြန်တဲ့အခါ ကောင်းသလို ပြန်လိုက်ပါ)
…………………………………………………
.
(2) Very much ကိုတော့ နှိင်းယှဉ်ဖေါ်ပြ နာမ၀ိသေသနများနဲ့ ကြိယာဝိသေသနများ (comparatives) ရှေ့မှာသုံးပါတယ်
.
(2.1) I am VERY MUCH HAPPIER in my new job. (very happier လို့ မသုံးပါဘူး)
ကျနော်ရဲ့ အလုပ်သစ်မှာ အများကြီး အများကြီး ပိုပြီး ပျော်ပါတယ်
(အရင်အလုပ်နဲ့ နှိင်းယှဉ်ထားတဲ့သဘောပေါ့)
.
(2.2) Jim works VERY MUCH HARDER than his brother. (ဒီစာကြောင်းမှာ harder က comparative adverb ပါ)
ဂျင်က သူ့အကိုထက် အလွန်အများကြီး ပိုပြီး အလုပ်ကြိုးစားလုပ်ပါတယ်
………………………………………….
(3) Very ကို လေးနက်စေလိုတဲ့သဘောနဲ့ (for emphasis) တမင်ပဲ နှစ်ခါထပ်ပြီး သုံးနိုင်ပါတယ်
.
(3.1) I am VERY, VERY sorry.
ကျနော် အလွန့်အလွန် စိတ်မကောင်းပါဘူးဗျာ
………………………………………………
(4) Very ကို Superlative adjective များ , first, last တို့နဲ့တွဲပြီး အထူးအလေးအနက်ထားပြီး (to emphasise) ပြောဖို့ သုံးနိုင်ပါတယ်
.
(4.1) Bring out your VERY BEST wine. Michael’s coming to dinner.
ခင်ဗျားရဲ့ အကောင်းတကာ့ အကောင်းဆုံး ၀ိုင်ကို ထုတ်လိုက်ပါ ၊ မိုက်ကယ်က ညစာစားဖို့ လာလိမ့်မယ်
.
(4.2) You are the VERY FIRST person I’ve spoken to today.
ခင်ဗျားက ကျနော်ဒီနေ့စကားပြောပြီးတဲ့ တကယ့် ပထမဆုံးလူပဲ
.
(4.3) This is your VERY LAST chance.
ဒါက ခင်ဗျားရဲ့ လုံးဝ နောက်ဆုံး အခွင့်အရေးပဲ
……………….
(5) Passive voice သုံးတဲ့အခါ Past participle-V3 ရဲ့ရှေ့မှာ very much ကိုသာ သုံးရပါတယ်
.
(5.1) He is VERY MUCH ADMIRED by his students.
သူကို သူ့ရဲ့ ကျောင်းသားလေးများက အလွန်အထူး လေးစားကြပါတယ်
…………………
(6) သို့သော်လည်း participle ဟာ V3 မဟုတ်ပဲ adj ဖြစ်နေလျင်တော့ very ကို သုံးနိုင်ပါတယ်
.
(6.1) I’m VERY WORRIED about Angela. (worried (adj) စိတ်ပူသော)
ကျနော် အင်ဂျလာ နဲ့ ပတ်သက်ပြီး အလွန်စိတ်ပူပါတယ်
………………………………
(7) Very much အတွဲကို adverb အဖြစ် သုံးပြီး verb ကို အထူးပြုနိုင်ပါတယ် (very က မရဘူးနော်)
.
(7.1) We VERY MUCH enjoyed the party.
ကျနော်တို့ ပါတီပွဲကို အလွန်အထူး နှစ်သက်ပျောရွှင်ခဲ့ကြပါတယ်
………………………………..
(8) very much ကို noun ရဲ့ ရှေ့မှာလည်း determiner အဖြစ်နဲ့ သုံးနိုင်ပါတယ်
.
(8.1) He didn’t have VERY MUCH money.
သူ့မှာ အလွန်များပြားတဲ့ ပိုက်ဆံတွေ မရှိခဲ့ပါဘူး
…………………………..
တစ်ခုတစ်လေတော့ ပိုသိသွားလိမ့်မယ်လို့ ထင်မိပါတယ်..
.
မေတ္တာဖြင့် 

Popular posts from this blog

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦ...

အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်

အလွယ်ကူဆုံးတရုတ်စကားပြော by ထက်အောင်ဇင်