1. ဦးအဂ္ဂပါရမီ- The best Question စာအုပ် 2. အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃. ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄. ဦးအဂ္ဂပါရမီ- Idioms for you 5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6. ထက်အောင်ဇင် တရုတ်စကားပြော 7. ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8. ပညာကျော်- စီးပွားသုံးအဘိဓာန် 9. ကိုးရီးယားစကားပြောစာအုပ် 10. ဂျပန်စကားပြောစာအုပ် 11. ငါးဘာသာစကားပြောနည်းစာအုပ် 12. ထိုင်းစကားပြောစာအုပ် 13. အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14. အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15. ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16. အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17. အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18. ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19. ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20. ဆရာဦ...
Prepositional Phrase ဆိုတာ Preposition + Noun Phrase တွေကို ပြောတာဖြစ်ပါတယ်။
Eg.
in the class
with glasses
by car
on Sunday
Eg.
in the class
with glasses
by car
on Sunday
Prepositional Phrase တွေဟာ ဝါကျအသုံးကိုလိုက် ပြီး Adjective,Adverbial (Manner, Place, Time) ဆိုပြီး ပြောင်းလဲသွားပါတယ်။
Eg.
(i) The students are in the class.
ကျောင်းသာတွေက စာသင်ခန်းထဲမှာ (ရှိတယ်)
(ii) The girl with glasses is my elder sister.
မျက်မှန်နဲ့ မိန်ကလေးက ကျွန်တော့်အမကြီး (ဖြစ်တယ်)
(iii) I usually go to school by bicycle.
ကျွန်တော် ကျောင်းသို့ အမြဲတမ်း စက်ဘီးနဲ့ သွားတယ်။
(iv) I live in Htee Lin with my family.
ကျွန်တော် ကျွန်တော့်မိသားစုနဲ့အတူ ထီးလင်းမှာနေတယ်။
(v) I alway go to shool at 8:30 a.m.
ကျွန်တော် နံနက် ၈ နာရီ ၃၀ တိုင်း ကျောင်းသွား တယ်။
(vi) The boy under the tree is singing.
သစ်ပင်အောက်က ကောင်လေးက သီချင်းဆိုနေ တယ်။
အထက်ပါ ဝါကျ ၆ ကျောင်းမှာ Prepositional Phrase သုံးတာချင်း မတူပါဘူး။ အသုံးကို လိုက်ပြီးတော့ Adjective, Adverbial, (Manner, Place, Time) ဆိုပြီး ကွဲလွဲသွားပါတယ်။

(i) ဝါကျမှာပါတဲ့ in the class က (Place) ဖြစ်
ပြီး Verb ကိုအထူးပြုနေလို့ Adverbial ဖြစ်ပါတယ်။
(ii) ဝါကျမှာပါတဲ့ with glasses က (Manner)
ဖြစ်ပြီး Noun ကိုနောက်က ကပ်အထူးပြု နေလို့ (Adjective) ဖြစ်ပါတယ်။
(iii) ဝါကျမှာပါတဲ့ to shool ဟာ (Place) ဖြစ်ပြီး by bicycle ကတော့ (Manner) ဖြစ်ပါတယ်။ နှစ်ခုစလုံးက Verb ကို အထူးပြုနေလို့ Adverbial တွေဖြစ်ပါတယ်။
(iv) ဝါကျမှာပါတဲ့ in Htee Lin က (Place) ဖြစ် ပြီး with family က (Manner) ဖြစ်ပါတယ်။ နှစ်ခုစလုံး က Verb ကိုအထူးပြုနေလို့ Adverbial တွေဖြစ်ပါတယ်။
(v) ဝါကျမှာပါတဲ့ to school က (Place) ဖြစ်ပြီး at 8:30 a.m က (Time) ဖြစ်ပါတယ်။ နှစ်ခုစလုံး Verb ကို အထူးပြုနေလို့ Adverbial တွေဖြစ်ပါတယ်။
(vi) ဝါကျမှာပါတဲ့ under the tree က (Place)
ဖြစ်ပြီး Noun နောက်ကကပ်အထူးပြုနေ လို့ Adjective ဖြစ်ပါတယ်။
မပြည့်စုံမှုနဲ့ အမှားယွင်းပါပါက အကြံပြုနိုင်ပါတယ်။

စေတနာကို 'ကံ' ဟု ယုံကြည်မှုဖြင့်