Skip to main content

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦ...

သင် အမြဲပြောနေကျစကားလုံးတွေကို အင်္ဂလိပ်လို လေ့လာကြည့်ရအောင်


(1) Done ! ကောင်းပြီသဘောတူတယ် ဖြစ်စေရမယ် 
(2) Awesome ! မိုက်လှချည်လား... 
(3) Tell that to the marines တောမှာသွားပြော 
(4) Lead your own way ကိုယ့်သမိုင်းကိုယ့်ရေး 
(5) You are very talkative မင်းအရမ်းစကားများတာပဲ 
(6) That's the beauty of it အဲဒါလေးတွေ ချစ်ဖို့ကောင်းတာ
 (7) You stay out it မင်းဝင်မပါနဲ့ (
8) Man matters most in life လူသာ ပဓာနပါ
 (9) There's one born every minute အချဉ်ဖမ်းရတာ လွယ်ပါတယ် 
(10) Mind your p's and q's အနေအထိုင် ဆင်ခြင်နော် 
(11) Just as I thought ထင်တဲ့အတိုင်းပဲ 
(12) He was all ears သူသိပ်သိချင်နေတယ် 
(13) Don't tell a lie လိမ်မပြောနဲ့ 
(14) Let bygones be bygones ပြီးတာတွေလဲ ပြီးပါစေတော့ကွာ 
(15) You're too big for your boots မင်းတော်တော် ကြီးကျယ်တဲ့ကောင်ပဲ
 (16) Get to the point လိုရင်းကိုပြောပါ 
(17) That calls for celebration မုန့်ကျွေးသင့်တယ်
 (18) Give me a second တစ်စက္ကန့်လောက် အချိန်ပေးပါ 
(19) Too little too late နည်းနည်းလေး နောက်ကျသွားတယ်
 (20) Where the hell have you been ? မင်းဘယ်လျှောက် သွားနေတာလဲ 
(21) The reason is that အကြောင်းကတော့ဗျာ 
(22) Don't put blame upon other သူများကိုလွှဲမချနဲ့
 (23) May I have a little chat စကားနည်း နည်း လောက် ပြောပါရစေ
 (24) Take care of yourself ကိုယ့်ဘာသာကိုယ် ဂရုစိုက်နော် 
(25) Won't you enjoy it ? မင်းဒါကို သဘောမကျဘူးလား
 (26) Anything to please you ? မင်းစိတ်ကြိုက်တွေ့ရဲ့လား 
(27) The best of my ability ငါ့အစွမ်းအကုန်ပဲ 
(28) So far so good အခုအချိန်ထိတော့ ဟုတ်နေသေးတယ် 
(29) What a daft idea ! အဓိပ္ပါယ် မရှိလိုက်တဲ့ အတွေး 
(30) Don't talk ill of others သူများမကောင်းကြောင်းမပြော
 (31) You have my words ကျွန်တော် ကတိပေးပါတယ် 
(32) For your eyes only ဘယ်သူကိုမှမပြနဲ့ 
(33) Don't indulge your child မင်းရဲ့ကလေးကို အလိုမလိုက်နဲ့ 
(34) That's going beyond joke နောက်တာလွန်လာပြီနော်
 (35) You'd better treat me မင်းငါ့ကို ဧည့်ခံပြု စုရင် ကောင်းမယ်
 (36) How absent-minded you are မင်းနှယ် ကွာ မေ့တတ် လိုက်တာ
 (37) You can say that again သိပ်ဟုတ်တာပေါ့ / ဟုတ်လိုက်လေခြင်း
 (38) What's the use of it ? အဲဒါ ဘာအသုံးကျမှာ မို့လို့လဲ ကွာ 
(39) Do it at once ခုချက်ချင်းလုပ် 
(40) The same as ever ခါတိုင်းလိုပါဘဲ
 (41) Leave it to me ငါ့တာဝန် ထားလိုက်စမ်းပါ 
(42) It's not my fault ငါ့အမှားမဟုတ်ဘူး 
(43) I don't have all day ငါတစ်နေကုန် အချိန်မရဘူး 
(44) If you've got time မင်းအချိန်ရရင်
 (45) Please make yourself at home ကိုယ့်အိမ်လိုပဲ သဘောထားနော် 
(46) Please come and join us ငါတို့ဆီကို လာပါ / ဖိတ်ခေါ်ပါတယ် 
(47) Don't take an air ဟိတ်ဟန်ထုတ်မနေနဲ့ 
(48) Don't argue with me ငါ့ကို လာမငြင်းနဲ့ 
(49) Oh ! you dare say so ပြောရဲလိုက်တာ 
(50) How dare you are ! မင်းက ရဲလှချည်လား 
(51) Like father , like son ဖအေတူသားဘဲ 
(52) Don't dig your own grave ကိုယ့်သေတွင်းကိုယ် မတူးနဲ့ 
(53) This is to say ပြောရမယ်ဆိုရင်တော့ 
(54) You got a minute အချိန်နည်းနည်းအားလား 
(55) It goes without saying အထူးပြောနေစရာ မလိုပါဘူး 
(56) Don't give me that ငါ့ကို အငြင်းစကားတွေ လာမမေးနဲ့
 (57) Do you mind if I butt in ? ဝင်ပြောရင်စိတ်မရှိနဲ့ 
(58) What line are you in ? မင်းဘာစီးပွါးရေးလုပ်လဲ 
(59) That's not the way to do it ဒီလိုမလုပ်ရဘူး
 (60) Can it be shown ? သက်သေပြနိုင်လား
 (61) A little bird told me သိနေတယ်လေ 
(62) I don't care for myself ငါ့အတွက် ငါမပူဘူး 
(63) It's nothing to do with you မင်းနဲ့ဘာမှမဆိုင်ဘူး 
(64) Can I make a bargain ? ဈေးဆစ်လို့ရမလား 
(65) Never say never again စကားအကုန်မပြောနဲ့
 (66) How is where the heart is စိတ်လက်ပျော်နေရာ ကိုယ်ဌာနေပဲ 
(67) You are very curious မင်းအရမ်း စပ်စုတာပဲ 
(68) It'll go down in history သမိုင်းတွင် ကျန်ရစ်လိမ့်မယ် 
(69) Few and far between ရှားမှရှားပါပဲ
 (70) I don't stand on your tongue ငါ သည်းမ ခံနိုင် တော့ဘူး 
(71) Mind your own business ကိုယ့်အလုပ်ကိုယ် လုပ်ပါ 
(72) It's not your business မင်းအလုပ် မဟုတ်ပါဘူးကွာ
 (73) Don't do like that ဒီလိုမလုပ်နဲ့
 (74) Don't takk like that ဒီလိုမပြောနဲ့ 
(75) I'm rather tied up ငါ့မှာ လုပ်စရာတွေတော်တော်ကို များနေပါတယ်
 (76) What a laughing stock ! ရယ်စရာကောင်းလိုက်တဲ့ အကောင် 
(77) What a shameless fellow ! / What a shameless gue ! အရှက်မရှိလိုက်တဲ့အကောင် 
(78) We're not on speaking terms ငါတို့ မခေါ်ကြဘူး စကားမပြောကြဘူး
 (79) I'm getting tired of it / I'm sick of this / I'm fed up with it စိတ်ပျက် စိတ်ကုန်လာပြီ 
(80) Surprise ! Surprise ! အံ့ရော အံ့ရော
 (81) That would be better ဒါဆိုရင်ပိုကောင်းမယ် 
(82) You are very childish မင်းသိပ်ကလေးဆန်တာပဲ
 (83) What a forgetful creature I am ! ငါ ဟာ တော်တော် ကို မေ့တတ်တဲ့ အကောင်ပဲ 
(84) Oh ! how forgetful I am ! ငါ့နှယ်နော် မေ့တတ် လိုက်တာ
 (85) What a fussy fellow ! ပျာယီပျာယာနိုင်လိုက်တဲ့ကောင် 
(86) How clumsy you are ! ပုံပျက်ပန်းပျက် ကိုးရိုးကားရားနိုင်လိုက်တာ
 (87) Do it before you forget မမေ့ခင်လုပ်လိုက်အုံး 
(88) He's a chip off the old block ဘမျိုးဘိုးတူပဲ
 (89) Please , call a spade a spade အရှိကို အရှိ အတိုင်းဗြောင်ဖွင့်ပြောပါ
 (90) Lest you should forget it မင်းမေ့သွားမှာစိုးလို့ 
(91) It's just that I can't afford ငါ့မတတ်နိုင်လို့ပါကွာ
(92) I haven't time to do it အဲဒါလုပ်ဖို့ ငါ့မှာအချိန်မရှိဘူး
 (93) You really were taking liberties မင်းဟာ တကယ့်ကို ကဲလွန်းအားကြီးတယ် 
(94) What do you take me for ? မင်းငါ့ကို ဘာအောက်မေ့လို့လဲ 
(95) Don't gossip about other သူများအတင်းမပြောနဲ့
 (96) There's nothing to be afraid ဘာမှကြောက်စရာ မလိုဘူး 
(97) I can't bear to do so ငါဒီလိုမလုပ်ရဲဘူး 
(98) It's the chance of a lifetime ဒါဟာ တစ်သက်မှ တစ်ခါရတဲ့ အခွင့်အရေးပဲ
 (99) Do it any means ဘယ်နည်းနဲ့မဆို ဒါကိုလုပ်ပါ 
(100) I didn't bargain for such trouble ဒီလို ဒုက္ခမျိုးကြုံ မယ်လို့ မထင်ခဲ့ဘူး 
(101) Not as much as you think မင်းထင် သလောက် မဟုတ်ပါဘူး 
(102) I'm all against it အဲဒါကို ငါလုံးဝ ဆန့်ကျင်တယ် 
(103) I don't agree with it မင်းကိုငါသဘောမတူဘူး
 (104) I've done this before မပူပါနဲ့ , ဒါမျိုး အတွေ့ အကြုံ ရှိပြီးသား
 (105) I agree with you ငါသဘောတူတယ်
 (106) How're things with you ? မင်းကောအားလုံး အဆင်ပြေရဲ့လား 
(108) Don't do as I do ငါလုပ်သလို လိုက်မလုပ်နဲ့
 (109) If I were you ငါသာ မင်းဖြစ်ခဲ့ရင်
 (110) If I were in his place ငါသာ သူ့နေရာမှာဆိုရ
င် (111) If I were in your place ငါသာ မင်းနေရာမှာဆိုရင် 
(112) I feel nothing special ထွေထွေထူးထူး မခံစားပါဘူး 
(113) I don't accept it ငါလက်မခံဘူး 
(114) Once in a blue moon ဖြစ်တောင့်ဖြစ်ခဲ တစ်သက်မှတစ်ခါဆိုသလို 
(115) First come , first served ဦးရာလူ စနစ်ပဲ
 (116) A deal is a deal အပေးအယူ လုပ်ပြီးသားက လုပ်ပြီးသားပဲ 
(117) Do as you do / Do as you like မင်းကြိုက်သလိုလုပ်
 (118) Not up to much ကျေနပ်ဖွယ်ရာမရှိ 
(119) I tell this in confidence မင်းကို ယုံလို့ ပြောတာ လျှောက်မပြောနဲ့ 
(120) End of story တော်ပါတော့ မပြောပါနဲ့တော့
 (121) Give me a hug ကဲကဲ ကျေအေးလိုက်ကြစို့ 
(122) It's up to you မင်းပေါ်မူတည်တယ် 
(123) That's really a pity ငါဟာ တကယ့်ကို သနားစရာပဲ
 (124) Not absolutely sure yet လုံးဝ မသေချာသေးဘူး 
(126) He's under a cloud သူ့ကို မယုံသင်္ကာ ဖြစ်နေတယ် 
(127) Do it at once ခုချက်ချင်းလုပ် 
(128)What a deft idea ! အဓိပ္ပာယ် မရှိတဲ့ အတွေး
 (129) For your eyes only ဘယ်သူကိုမှ မပြနဲ့နော် 
(130) It's not all milk and honey အားလုံး ပြေလည်တယ်လဲ မဟုတ်ဘူးပေါ့ 
(131) Please make yourself at home ကိုယ့် အိမ်လိုပဲ သဘောထားနော်
(132) Mind your own business ကိုယ့်အလုပ် ကိုယ်လုပ်ပါ 
(133) It's not your business မင်း အလုပ် မဟုတ်ပါဘူးကွာ
 (134) Don't do like that ဒီလို မလုပ်နဲ့ 
(135) Don't talk like that ဒီလို မပြောနဲ့ 
(136) I'm rather tied up ငါ့မှာ လုပ်စရာတွေ တော်တော့်ကို များနေတယ် 
(137) You look like shit! မင်းပုံက စုတ်ပြတ်နေတာဘဲ
 (138) Give me a break အေးအေးဆေးဆေးနေပါရစေဦး
 (139) Feel uneasy for that အဲဒါအတွက် စိတ်ကသိကအောက် ဖြစ်တယ်
 (140) I feel very much alone အားငယ်မိတယ် 
(141) I have my reason ကိုယ့်အကြောင်းနဲကိုယ်ပေါ့လေ
 (142) So many little ways အသေးစိတ်လုပ်ရမဲ့ဟာတွေ အများကြီး
 (143) I have got a fever ကျနော် ဖျားနေတယ် 
(144) I am getting better နေကောင်းလာပါပြီ 
(145) I am not good sighted ကျနော်ကမျက်လုံး မကောင်းဘူး
 (146)So much the better များလေ ကောင်းလေပေါ့ 
(147) Make profit on business စီးပွားတက်တယ်
 (148) Any profit and loss? အမြတ် အရှုံး ဘယ်နဲ့လဲ
 (149) She is my junior သူမက ကျမထက် အငယ် 
(150)Pay your own way ကိုယ်စားတာ ကိုယ်ရှင်း
 (151) Don't pouch and thought ငိုင်ပြီးတွေးမနေနဲ့လေ 
(152) I am very fond of you အရမ်း မြတ်နိုးတယ်
 (153) Give her my love. သတိရတယ်လို့ ပြောပြပေးပါ
 (154) Sweet to look at . ကြည့်လို့မ၀ ၊ ရှု လို့မ၀ပဲ 

www.engish4mm.com
ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

Popular posts from this blog

အင်္ဂလိပ်စာအုပ်များဒေါင်းလုပ်ယူရန်

  1.       ဦးအဂ္ဂပါရမီ-  The best Question  စာအုပ် 2.       အသုံးများအင်္ဂစကားပြော ၁၀၀၀ စာအုပ် ၃.  ဒေါက်တာမျိုးအောင်--ခြောက်ဘာသာ စကားပြော စာအုပ် ၄.  ဦးအဂ္ဂပါရမီ-  Idioms for you  5. . ဝါဝါ-မြန်မာ-တရုတ်စကားပြော 6.       ထက်အောင်ဇင် တရုတ်စကားပြော 7.  ခင်မောင်သန့် -အကေါင်းဆုံးအင်္ဂလိပ်စကားပြော 8.       ပညာကျော်- စီးပွားသုံးအဘိဓာန် 9.       ကိုးရီးယားစကားပြောစာအုပ် 10.   ဂျပန်စကားပြောစာအုပ် 11.   ငါးဘာသာစကားပြောနည်းစာအုပ် 12.   ထိုင်းစကားပြောစာအုပ် 13.   အင်္ဂလိပ်အသုံးချဝါကျလမ်းညွှန် 14.   အခြေပြုအင်္ဂလိပ်သဒ္ဒါ-- ဦးဖေမောင်တင် 15.   ဆရာဦး ဦးသာနိုး -အခြေခံအင်္ဂလိပ်သဒ္ဒါ 16.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၁) 17.   အောင်ဟိန်းကျော်-ဆရာလွတ်အင်္ဂလိပ်စာရေးနည်း (၂) 18.   ညိုမင်းသိန်း -အင်္ဂလိပ်စကားပြော ၃၀၀၀ 19.   ဆရာဦးသိန်းလွင် - အခြေခံအင်္ဂလိပ်သဒ္ဒါ ၁ 20.   ဆရာဦ...

အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်

အလွယ်ကူဆုံးတရုတ်စကားပြော by ထက်အောင်ဇင်